ဝမ်းတွင်း နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက သဲတောအမှတ် (၃) ရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သဲတောအမှတ် (၃) ရပ်ကွက်ရှိ လူနေအိမ်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)