ကျောက်ဆည်မြို့၌ စာဖတ်ရှိန်မြင့်မားရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည်၊ နိုဝင်ဘာ -၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်အတွက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းများနှင့် သိကောင်းစရာများ ဟောပြောခဲ့ပြီးဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်များ ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်းများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်