မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ကမ္ဘောဇဘဏ်လီမိတက် (မြစ်သားဘဏ်ခွဲ) မှ သတ္တမကြိမ် နဝကမ္မဝတ္ထုငွေများ ပေးအပ်လှူဒါန်း

မြစ်သား နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ကမ္ဘောဇဘဏ်လီမိတက် (မြစ်သားဘဏ်ခွဲ) မှ သတ္တမကြိမ် နဝကမ္မဝတ္ထုငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်က ရွှေမုဋ္ဌောစေတီရင်ပြင်တော်ပေါ်၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘောဇဘဏ်လီမိတက် (မြစ်သားဘဏ်ခွဲ) မှ သတ္တမကြိမ် နဝကမ္မဝတ္ထုငွေများ လှူဒါန်းရာတွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား  ဘက်စုံမွန်းမံပြုပြင်နိုင်ရေးအတွက် အလှူငွေကျပ် သိန်း (၁၀၀)  ပေးအပ်လှူဒါန်းခဲ့ရာရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားအကျိုးတော်ဆောင်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး မြစ်သားကမ္ဘောဇဘဏ်ခွဲသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)