ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ်၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Ceentre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြသပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade-7 နှင့် Grade-8 တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၅၈)ဦး တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အသိပညာပေး ဟောပြောသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက အမျိုးသားနေ့နှင့်ပတ်သကသည့် ခင်းကျင်းပြသထားသော၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း အစရှိသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေအောင်