ချမ်းမြသာစည်မြို့နယ်၌ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာမည့် ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်တိကျမှု ရှိစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်

ချမ်းမြသာစည်  နိုဝင်ဘာ  ၁၁

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ချမ်းမြသာစည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

မဲဆန္ဒရှင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက မြေပြင်ရှိ လူဦးရေစာရင်းများနှင့် မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုကို ချမ်းမြသာစည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊  သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး မဲဆန္ဒရှင်စာရင်းများ စနစ်တကျနှင့် မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့ (ချမ်း/စည်)