စဉ့်ကိုင် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအနက် မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန္ဒမဲပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၄၈)အုပ်စုတို့တွင် မဲရုံပေါင်း (၁၁၉)ရုံတို့၌ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၈၈) ဦး လာရောက်ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ (စဉ့်ကိုင်)