ကျောက်ဆည် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများကို ယနေ့နံနက်မှ စတင်ကာ ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် (ကျောက်ဆည်) ပင်စင်ဌာနမှ မန်နေဂျာနှင့်ဝန်ထမ်း (၄) ဦးက ကြီးကြပ်၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများ ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ (၃၇၉၆) ဦး ရှိကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် (ကျောက်ဆည်)နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနတို့ပူးပေါင်းကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား) များအား ပင်စင်ထုတ်ယူရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် UID ကတ်များရရှိအောင် ဆောင်ရွက်လျက်ရှိပြီး အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအခက်အခဲများကြောင် UID ကတ် မရရှိသေးသူများအား အိမ်တိုင်ရာရောက် ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် UID ကတ်မရရှိသေးသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း မြန်မာ့စီးပွားရေးဘဏ် ပင်စင်ကတ်များဖြင့် ပင်စင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)