အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ရေတိုက်စားသွားသော လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေး      

ကျောက်ဆည် နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး မြို့နယ်လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက်ပျက်စီးနေသည့် လမ်းများအားပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ရေတိုက်စားသွားသည့်လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း) ၂၁ ဒဿမ ၇၀၀ ကျပ်သန်းဖြင့် ရေတိုက်စားသွားသော ၆၉.၈ ကီလိုမီတာ နှင့် ၇၀.၄ ကီလိုမီတာအတွင်းရှိ လမ်းတာဘောင်အား အရှည်(၀.၆)ကီလိုမီတာ၊ ပျမ်းမျှအကျယ်(၁.၅၂)မီတာ ပြန်လည်ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် ကျောက်ဆည်-ဟံမြင့်မိုရ်-သံရွာ-မြို့ကြီးလမ်းဖြစ်ပြီး မန္တလေး-တောင်ကြီးမြို့တို့အား ဆက်သွယ်ထားသည့် အနီးဆုံလမ်းဖြစ်သည့်အတွက် လမ်းပုခုံးသားတာဘောင်အား ပြန်လည်ဖြည့်ခင်း ကြိတ်ပေးသည့်အတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)