တံတားဦး နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ် နန်းယာကြည့်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်မူသော (၁၅)ကြိမ်မြောက် ရှင်ပင်ရွှေဘုန်းညွှန့်ဘုရားပွဲတော်အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက တံတားဦးမြို့ ဒိုဏ်းထောက်ကျောင်း ပိုက်ကျော်ခြင်းပြိုင်ကွင်း၌ ကျင်းပကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား(၃)ယောက်တွဲ၌ မြက်ခင်းတု(၂)အသင်းနှင့် ကိုယ်ပိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကြရာ ကိုယ်ပိုင်အသင်းက မြက်ခင်းတု(၂)အသင်းကို သုံးပွဲ(၂)ပွဲဖြင့်အနိုင်ရရှိပြီး အလ္လကပ္ပအသင်းမှ တတိယဆုများအသီးသီးရရှိကြသည်။ အဆိုပါပြိုင်ပွဲတွင် အုပ်စုပေါင်း(၈)အုပ်စု၊ အသင်းပေါင်း(၂၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည် ။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တတိယဆုရရှိသော အလ္လကပ္ပအသင်းအား တံတားဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် လုံခြုံရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးက ဆုတံဆိပ်နှင့်ငွေသား(၅)သိန်းကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မြက်ခင်းတု(၂)အသင်းအား ဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းဆရာတော်မှ ဆုတံဆိပ်နှင့်ငွေသား(၁၀)သိန်းကျပ်ကိုလည်းကောင်း၊ ပထမဆုရရှိသောကိုယ်ပိုင်အသင်းအား နန်းယာကြည့် ဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာက ဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသား(၁၅)သိန်းကျပ်ကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)