ညောင်ဦး နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ပင်ပြန့်မြေပဲခေါ်ခြောက်လ မြေပဲနုတ်သိမ်းချိန် မြေပဲခြွေစက်များ အသုံးပြုမှုများလာခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ လုပ်ငန်းလုပ်ကိုင်ရာတွင် မြန်ဆန်လျင်မြန်လာပြီး အလေအလွင့်ဆုံးရှုံးမှုများခြင်းကြောင့် မြေပဲခြွေစက်အသုံးပြုမှုများပြားလာကြောင်း မြေပဲစိုက်ပျိုးတောင်သူများထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ပင်ပြန့်မြေပဲခေါ် ခြောက်လမြေပဲများ စိုက်ပျိုးမှု ယခုနှစ်တွင် များပြားခဲ့ပြီး မိုးရွာသွန်းမှု ကောင်းခြင်းနှင့်အတူ မြေပဲများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်း ကောင်းမွန်ခဲ့ကြောင်း၊ ခြောက်လမြေပဲများ စတင်စိုက်ပျိုးချိန်က မြေပဲတစ်တင်း ၈၀၀၀၀ ကျပ် ပေးဝယ်စိုက်ပျိုးခဲ့ရပြီး၊ မြေယာထွန်ယက်ခ ထွန်စက်တစ်နာရီ ၅၀၀၀ ကျပ်၊ နွားရှဉ်းတစ်မနက် ထွန်ယက်ခ ၁၅၀၀၀ကျပ်၊ မြေပဲစိုက်သမတစ်ဦး ၄၅၀၀ကျပ်ပေး စိုက်ပျိုးခဲ့ရပြီး၊ မြေပဲနှုတ်သိမ်းချိန် မြေပဲနှုတ်လွယ်ကူစေရန် ထွန်စက်ဖြင့် သံဓားဖြတ်ပြီး မြေပဲစု အလုပ်သမားများ ပြန်လည်ငှားရကြောင်း၊ မြေပဲပင်များ တစ်နေ၊ နှစ်နေလှမ်းပြီး ချိန်မြေပဲတောင့်ခြွေစက်များ အသုံးပြုခြွေခြင်းများကြောင့် အချိန်ကုန်ကျမှု သက်သာစေပြီး လုပ်ငန်းလည်ပတ်မှုလည်း လျင်မြန်စေကာ မြေပဲခြွေလှေ့ခတစ်တင်း ၇၀၀၀ ကျပ်သာပေးရခြင်းက မြေပဲခြွေလှေ့စက်များ အသုံးပြုမှုတွင် ကျယ်လာစေကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု ကောင်းခြင်းကြောင့် မြေပဲအထွက်နှုန်းကောင်းမွန်ပြီး မြေပဲတစ်တင်းကျ (ချ) စိုက်ပျိုးမှု မြေပဲတင်း ၃၅ မှ ၅၀ တင်းအထိ ထွက်ရှိခဲ့ပြီး ကျေးလက်တောင်သူများ မျှော်လင့်နေသည့် မြေပဲအထွက်နှုန်းလည်းဖြစ်ကြောင်း သိရကာ မြေပဲခြွေလှေ့စက်များ အသုံးပြုမှုများလာကြောင်း မြေပဲစိုက်တောင်သူများထံက သိရပြီး မြေပဲဈေးနှုန်းကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ဒီပါလင်း