ငါန်းဇွန် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၈၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဌာန၊ ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှေုာက်မှုများအခမဲ့ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၈၀) နှင့်အထက် အဘိုး/အဘွားများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ခံယူလျက် မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွား (၄၆) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းဦးဆောင်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ဆေးကုသမှုများကို “လစဉ်ပင်စင်ထုတ်ရက်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်ထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)