ထန်းတပင်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ  

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အလိုက်ကပ်ထားကြေညာလျက်ရှိပြီး နိုဝင်ဘာလ(၂၂)ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများကို  တာဝန်ရှိသူများကအဖွဲ့များခွဲကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် မဲစာရင်းကပ်ထားကြေညာထားရှိမှုနှင့် ပြည်သူများလာရောက် ကြည့်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၄)အုပ်စုရှိပြီး မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲရုံ(၁၂၇)ရုံထိရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)