မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ကပ်ထား ကြေညာပေးလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင်ရပ်ကွက် ၁၉ ရပ်ကွက်ရှိပြီး၊ ၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း ရပ်ကွက်အလိုက် မဲရုံ ၁၄၀ ရုံ လျာထားသတ်မှတ်ထားရှိပြီး၊ ဒုတိယအကြိမ် မဲစာရင်းအရ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၂၀၀၆၃၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် မဲစာရင်းကပ်ထားကြေညာခြင်းကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲခွဲရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်ပြီး၊ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများကကြီးကြပ်၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)