ဒဂုံတောင် နိုဝင်ဘာ ၂၃
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြိုနယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်များအလိုက် ယမန်နေ့နံနက် ၇ နာရီမှစတင်ကာ ဆက်လက်ကပ်ထား ကြေညာထားကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရပ်ကွက်ပေါင်း ၄၂ ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထား ကြေညာထားမည်ဖြစ်သည်။
အဆိုပါ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄) အချက်အလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် မဲစာရင်း ကပ်ထားကြေညာမှုအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှုံ့ဆော်အသိပေးလျက်ရှိကာ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းသန်းအေး (ဒဂုံတောင်)