တောင်ဥက္ကလာပ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းအချိန်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်မြို့နယ်အဆင့်သင်တန်းနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဒုတိယနေ့တွင် အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများနှင့် မဲပေးစက်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်တွေ့မဲရုံတည်ဆောက်၍ ဆန္ဒပြုခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုက ရွေးကောက်ပွဲဆိုင်ရာ သိကြောင်းစရာများနှင့်လိုအပ်သည့် ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းအား ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကို (၂၀.၁၁.၂၀၂၅)ရက်နေ့မှ (၂၁.၁၁.၂၀၂၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား သင်တန်းသူများက စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ပြန်/ဆက်)