ရန်ကုန် နို၀င်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်များအလိုက် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ ကပ်ထားကြေညာထားကြောင်း သိရသည်။
ကမာရွတ်မြိုနယ်တွင် ရပ်ကွက်ပေါင်း(၁၀)ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်ပါသည်။
အဆိုပါ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါ ကပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင်ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်း သိရသည်။
မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများသိရှိစေရေးအတွက် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှုံဆော်အသိပေးလျက်ရှိကာ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်သူနှင့် အဖွဲ့၀င်များနှင့် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်မျာကိုလည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)