ပန်းဘဲတန်းမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု

ပန်းဘဲတန်း နိုဝင်ဘာလ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအလိုက် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း လျှောက်ထားနိုင်ပြီး ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)