တွံတေး နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ကပ်ထား ကြေညာပေးလျက်ရှိသည်။
တွံတေးမြို့နယ်တွင် ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅) အုပ်စုရှိပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအလိုက် မဲရုံ (၂၂၀) ရုံ လျာထားသတ်မှတ်ထားရှိပြီး ဒုတိယအကြိမ် မဲစာရင်းအရ တွံတေးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၈၃၅၉၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးများတွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကပ်ထားကြေညာထားမည်ဖြစ်ပြီး ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)