လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အနောက်) နိုဝင်ဘာ ၂၄

ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားမှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများရှိ ပြည်သူများအား Pfizer JN 1 ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့ဂျူးချွမ်းစက်ရုံတွင် ကွင်းဆင်းထိုးနှံပေးကြသည်။

ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်  မြို့နယ်ဆရာဝန်ကြီး Dr စန်းမာ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ လိုက်ပါလျက် စက်ရုံအလုပ်ရုံများသို့ သွားရောက်ကာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးကာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ကြသည်။

ယင်းကို ဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးရာအား လူပဂ္ဂိုလ်များနှင့် သံဃာတော်များ၊ သီလရှင်များကိုပါ ထိုးနှံပေးကြပြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)