မြောက်ဥက္ကလာပ နို၀င်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)JN1 အပိုဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး၀န်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံမှီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းများမှတ်ယူပြီး အလှည့်ကျ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer)JN1 အပိုဆောင်းကို ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ အငြိမ်းစား နိုင်ငံ့၀န်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer)JN1 အပိုဆောင်းထိုးနှံပေးရာတွင် မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ ၁၇၀၀၀ ဦးရှိရာ တစ်နေ့လျှင် လူဦးရေ ၁၈၀ ခန့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)