ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ သံဃာ‌တော်များ၊ ကျောင်းသားများနှင့် ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ဆက်လက်ထိုးနှံပေး

ရန်ကုန် နို၀င်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ သံဃာ‌တော်များ၊ ကျောင်းသားများနှင့် ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆင်မင်းရပ်ကွက်ရှိ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ဂဠုန်ရပ်ကွက်ရှိ ယုဇနအအေးခန်းနှင့် စောရန်ပိုင်အနောက်ရပ်ကွက်ရှိ အောင်မင်္ဂလာတိုက်သစ်ကျောင်းတိုက်သို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့‌ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး-၁ ဦးသန်းနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဆင်မင်းရပ်ကွက်ရှိ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်စုရပ်တွင် ကျောင်းတိုက်ရှိ  ဦးတည်အုပ်စုဝင် သံဃာတော်များ၊ ကျောင်းသားများနှင့် ဂဠုန်ရပ်ကွက်ရှိ ယုဇနအအေးခန်းမှ ဦးတည်အုပ်စုဝင် ဝန်ထမ်းများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဆရာမကြီးဒေါ်လှသိန်းယဥ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ စောရန်ပိုင်အနောက်ရပ်ကွက်ရှိ အောင်မင်္ဂလာတိုက်သစ်ကျောင်းတိုက်မှ သံဃာ‌တော်များနှင့်ကျောင်းသားများအားလည်းကောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ သံဃာ‌တော်များ၊ ကျောင်းသားများနှင့် ၀န်ထမ်းများ စုစုပေါင်း (၃၀၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)