ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ နေရပ်စွန့်ခွာပြည်သူများမှ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန် နို၀င်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ နေရပ်စွန့်ခွာပြည်သူများမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြာင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ဆန္ဒမဲပေးခြင်းအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကော်အတွင်းရေးမှူးက ကြိုတင်မဲများအား ပယ်မဲမဖြစ်စေရေးနှင့် ဆန္ဒပြုရမည့်အချက်များအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကြိုတင်မဲပေးမည့် ပုံစံ-၁၅ အရ နေရပ်စွန့်ခွာပြည်သူများမှ တစ်ဦးချင်း ကြိုတင်ဆန္ဒမဲပေးခဲ့သည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့်အဖွဲ့ဝင်များ၊ ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ချို၊ ဆင်မင်းရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်အောင်နှင့် အဖွဲ့၀င်များ၊ အလုံမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်သူရိန်၊ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အလုံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးရမည့်သူ စုစုပေါင်း ၇၁ ဦးအနက် ယနေ့အထိ ကြိုတင်ဆန္ဒမဲပေးသူ ကျား ၁၈ ဦး၊ မ ၅၁ ဦး ပေါင်း ၆၉ ဦးမှာ ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)