ကြည့်မြင်တိုင် နိုဝင်ဘာ ၂၇
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ခွင့်ပြုသတ်မှတ်ထားရှိပြီး အဆိုပါကြိုတင်ဆန္ဒမဲပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)