ရန်ကင်း နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုသောမြို့များရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (*ယာယီနေရပ်စွန့်ခွာနေရသူများ*) အား မိမိတို့၏မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုသော မြို့များရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (*ယာယီနေရပ်စွန့်ခွာနေရသူများ*) သည် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာအထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူနိုင်ပြီး မိမိဆန္ဒအလျောက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်း၌ဆန္ဒမဲပေး၍ မဲပုံးများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။
ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုသောမြို့များရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (*ယာယီနေရပ်စွန့်ခွာနေရသူများ*) သတ်မှတ်ပုံစံ (၁-၄) ဖြင့် မိမိတို့၏ မဲစာရင်းပါရှိရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်သို့မဟုတ်သက်ဆိုင်ရာ အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားကြောင်း သိရသည်။
ရန်ကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှပုံစံ (၁၅) ဖြင့် တောင်းဆိုသောမြို့များရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (*ယာယီနေရပ်စွန့်ခွာနေရသူများ*) သတ်မှတ်ပုံစံ(၁-၄)ဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၂၆ ရက်တစ်ရက်တည်းသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးနေမှုကိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုကြကြောင်း သိရှိရသည်။
လှလှထွေး (ပြန်/ဆက်)