ချမ်းမြသာစည် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်ရှိ မြနန္ဒာစျေး၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများမဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနစုမှူး ဦးအောင်သန်းဦးနှင့် စျေးတာဝန်ခံအရာရှိများပူးပေါင်း၍ စစ်ဆေးခြင်း၊ ဈေးအတွင်း ရေရှိရေးနှင့် မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်သည့် လမ်းကြောင်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခြင်း၊ ဈေးသူ/ ဈေးသားများအား မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)