ဝမ်းတွင်း ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က မြို့နယ်စည်သာယာရေးအဖွဲ့ ဝမ်းတွင်းဈေးကြီးနှင့် လျှော်ပင်ဈေးတို့ရှိ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ဒေသခံ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဝမ်းတွင်းဈေးကြီး၊ လျှော်ပင်ဈေးတို့ရှိ ဈေးရောင်း၊ ဈေးဝယ်လာကြသူများနှင့် ဒေသခံပြည်သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)