မြင်းခြံ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂၄ ရက်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြန်မာစာ ပါမောက္ခ(ဌာနမှူး)က “အရတော်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရှေ့တိုင်းပညာဌာန ပါမောက္ခ(ဌာနမှူး)က “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာန ပါမောက္ခ(ဌာနမှူး)က “အမုန်းစကားမှသည် ငြိမ်းချမ်းရေးစကား ဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမ၊ ဒုတိယ ပါမောက္ခချုပ် ဆရာမ၊ ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)