ပုသိမ်ကြီး ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်တွင်းရှိသန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များဖြင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းရှိကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့ကိုအကြို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် သန္ဓေ/ အရန်တပ်ဖွဲ့ဝင်များ စုစုပေါင်းအသင်း ၉ သင်းဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည့် မိုင်ကုန်းအရန်မီးသတ်မှ ပထမဆု၊ မန်ကျည်းပင်စောက်အရန်မီးသတ်မှ ဒုတိယဆုနှင့် ကန်ကောက် အရန်မီးသတ်မှ တတိယဆုတို့ ရရှိခဲ့ကြပြီး၊ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)