လသာ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊လသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲအချိန်က ရောက်ရှိရာ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ထားရှိကြောင်း သိရသည်။
အဆိုပါ MEVM မဲပေးစက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုမည်ဖြစ်ပါသည်။ လသာမြို့ နယ်တွင် မဲရုံစုစုပေါင်း (၁၆) ရုံရှိရာ အရန်မဲပေးစက်အပါအ၀င် MEVM မဲပေးစက် (၈၅) လုံး အသုံးပြုသွားမည်ဖြစ်ပြီး မဲပေးစက်များကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီလ ၁ ရက်နေ့များတွင် နည်းပြများနှင့် စက်ကိုင်တာ၀န်ထမ်းဆောင်မည့်သူများက Installation ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၉ ရက်နေ့တွင် မဲရုံများအလိုက် မဲပေးစက်များ အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)