မိတ္ထီလာ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ကဗျာဆရာကြည်သိန်းဇော်က ပြိုင်ပွဲကျင်းရခြင်းရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျည်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)