ဝမ်းတွင်း ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်က အခြေခံပညာအထက်တန်းကျောင်း (ဝမ်းတွင်း)၊ အခြေခံပညာအထက်တန်းကျောင်း(သဲတော)နှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်၊ ၂၀၂၆ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ သွေးစည်းချစ်ကြည် လက်ချင်းဆက်လွတ်လပ်ရေးသည် ဒို့အသက်၊ လွတ်လပ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်စသည့် ဗဟုသုတရဖွယ်အကြောင်းအရာများ၊ ကဗျာ၊ ဆောင်းပါးတို့ပါဝင်ပြီး အများပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေလွန်းပျံ