မတ္တရာ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ များကို ဒီဇင်ဘာလ ၃၁ ရက်မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးတို့ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများမှ ဆုရရှိသူများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရာသား