မြစ်သား ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အအထိမ်းအမှတ် ပျော်ပွဲရွင်ပွဲအားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက် နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါပျော်ပွဲရွင်ပွဲအားကစားပြိုင်ပွဲများတွင် U-16 ဂိုးလတ်ဘောလုံးပြိုင်ပွဲ၊ ကျောင်းပေါင်းစုံဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ၊ U-18 အမျိုးသားဘော်လီ ဘောပြိုင်ပွဲ၊ U-18 အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲ အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားပြိုင် ကွင်း၊ မြို့နယ်အားကစားခန်းမ၊ ရွှေမုဋ္ဌောစေတီတော် မြတ်ကြီး၏ဘုရားဝန်းအတွင်း ဘောလုံးကွင်းတို့၌ အားကစားပြိုင်ပွဲများကျင်းပပေးလျက်ရှိသည်။ ထိုသို့ အားကစားပြိုင်ပွဲများကျင်းပခဲ့ရာ ကျောင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမ အထက မြစ်သား၊ ဒုတိယ မဟာပျိုးခင်းကိုယ်ပိုင်ကျောင်း၊ တတိယ ခေတ်ကျော်ကိုယ်ပိုင်ကျောင်းများ ကဆုများအသီးသီးရရှိခဲ့ပြီး၊ U-18 အမျိုးသားဘော လီဘောပြိုင်ပွဲတွင် ပထမ ဒါးရဲကောင်းကျောင်း၊ ဒုတိယ သံတော်ဦးကိုယ်ပိုင်ကျောင်းတို့မှ ဆုများ အသီးသီးရရှိခဲ့ပြီး ကျန်အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
၂၀၂၆ခုနှစ်၊ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား၌ ပျော်ပွဲရွင်ပွဲအားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)