ကျောက်ပန်းတောင်းမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပမည်ဖြစ်ရာ၊ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၄၅)(ခ)နှင့် အကျုံးဝင်သော မဲဆန္ဒရှင်များအနက် နိုင်ငံတော် တာဝန်ဖြင့် ခရီးသွားလာ ရန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ရုံးချိန်အတွင်း၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြပြီဖြစ်ရာ၊ ယနေ့တွင် ရပ်ကွက်ရုံးအသီးသီး၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြပြီး၊ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)