မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်​ဆောင်ရွက်ထားရှိမှုများအား သွားရောက်စစ်ဆေး

အမရပူရ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အပိုင်း()၊ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုနှင့်ပတ်သက်၍ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်အမရပူရခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယရဲမှူးကြီးကောင်းစံ(ယာယီ)က ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုံခြုံရေးကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရခရိုင်ဦးစီးမှူး ဦးမျိုးခိုင်က ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး၊ မှတ်ပုံတင်ကတ်များ ဆောင်ရွက်ပေးနေမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အမရပူရမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဦးက မဲရုံများ ပြင်ဆင်ထားမှုနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများကို သင်တန်းပေးထားမှုအခြေအနေများ၊ မဲပေးစက်များ ထားရှိမှုနှင့် မဲပေးစက်များအခြေအနေကိုတင်ပြခဲ့ပြီး အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး ကမဲပေးစက်ထပ်တိုးမည့်အခြေအနေများ၊ လိုအပ်သည့် မဲရုံးမှူး၊ဒုတိယမဲရုံးမှူးများနှင့် စက်ကိုင်ဝန်ထမ်းများလိုအပ်မှုအခြေအနေနှင့်သင်တန်းဖွင့်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း သိရှိလိုသည်များကိုမေးမြန်းတင်ပြကြခဲ့ကြသည်။

အဆိုပါရှင်းလင်းမေးမြန်းတင်ပြမှုများအပေါ် စီးပွားရေးဝန်ကြီးက အပိုင်း()ရွေးကောက်ပွဲတွင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ