ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများ ရောင်းချပေး

ကျောက်ဆည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာနှင့် ရပ်ကွက် ၁ ရပ်ကွက်မှ ပြည်သူများအား ယမန်နေ့က ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ၁ ပိဿာ ငွေ ၇၁၅၀ ကျပ်ဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ရည်ညွှန်းဈေး ၁ ပိဿာ ငွေ ၆၀၆၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ဦးတင်လင်းအောင် (အမေထွား) ဆီအရောင်းဆိုင်မှ ကြောင်ပန်းကုံး၊ ညောင်ပင်စောက်၊ ကောင်းတင်ကျေးရွာနေ ပြည်သူများအား စားအုန်းဆီ ၂၂၀ ပိဿာ၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ အောင်ချမ်းသာကျေးရွာပြည်သူများအား စားအုန်းဆီ ၁၁၀ ပိဿာ၊ ဒေါ်သဇင်အောင် (နေလသုခ) ဆီအရောင်းဆိုင်မှ ဖောင်ရွာရပ်ကွက်ပြည်သူများအား စားအုန်းဆီ ၆၈၄ ပိဿာ၊ ဒေါ်သီတာ (စစ်ငြိမ်း) ဆီအရောင်းဆိုင်မှ ကြောင်းကျေးရွာ ပြည်သူများအား စားအုန်းဆီ ၂၂၀ ပိဿာ၊ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) ဆီအရောင်းဆိုင်မှ သင်ပျို၊ ကျောက်ဆောက်ကလေး ကျေးရွာနေပြည်သူများအား စားအုန်းဆီ ၆၆၀ ပိဿာ တို့အား အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)