မြစ်သားမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲပေးစက်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်

မြစ်သား ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များကို (MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီခွဲက  မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။

 အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးမှ ဦစီးအရာရှိ‌ ဒေါ်ရည်မွန်ဖိုးနှင့် ဝန်ထမ်းများက  မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ကြမည့်ဆရာ၊ ဆရာမများအား (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာလုပ်ငန်း လက်စွဲပါဘာသာရပ်များဖြစ်သည့် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့်ပစ္စည်းများ၊ မဲပေးစက်အားစစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ သတ်မှတ်နေရာတွင် နေရာချခြင်း၊ မဲပေးရန်စက်များဖွင့်လှစ်ခြင်း၊ မဲရလဒ်များထုတ်ယူခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဇန်နဝါရီ ၅ ရက်နေ့မှ ၇ ရက်‌နေ့အထိ သင်တန်းကာလ ၃ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။ 

ဝါဝါမြင့်(မြစ်သား)