မြစ်သား ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာ ယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန် ရောင်းချသည့် လုပ်ငန်းရှင်များသည် ပြင်ပပေါက် ဈေးထက်ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာ ဒေသခံပြည်သူများမှ လာရောက်ဝယ်ယူခဲ့ကြသည်။
ထို့သို့ ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၅၀ အားလည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၅၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၃၀ အားလည်းကောင်း၊ ဆိတ်သား ၁ ပိဿာ ၂၈၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀ အားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀ အားလည်းကောင်း၊ ကြက်ဥ ၁ လုံး ၄၀၀ ကျပ်ဖြင့် ၁၅၀၀ လုံးအားလည်းကောင်း၊ သုခရှယ်ဆန် ၁ ပြည် ၃၃၀၀ ကျပ်ဖြင့် (ဆန်ပြည်ပေါင်း ၄၈ (ပြည်) အားလည်းကောင်း၊ စားအုန်းဆီ ၁ ပိဿာ ၇၂၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၁၀ အားလည်းကောင်း၊ ခရမ်းချဉ်သီး ၁ ပိဿာ ၅၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၈၀ တို့အား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)