လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

လှိုင်သာယာ ဇန်နဝါရီ ၉

အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးရုံး၏ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ပုလဲခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ / ဆရာများ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ N.G.O အဖွဲ့အစည်းများ၊ ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားကို Grade-12 ကျောင်းသား / ကျောင်းသူများက ''စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းသား/ ကျောင်းသူများက ကျောင်းအလိုက် သီဆိုကပြဖျော်ဖြေပေးကြပြီး၊ ကျောင်းအလိုက် ဖက်စုံထူးချွန်ဆုရရှိသူများကို ဆုအသီးသီးပေးအပ်ချီးမြင့်ပေးကြသည်။

အခမ်းအနားအပြီးတွင် အ.ထ.က (၈) ကျောင်းသား / ကျောင်းသူများမှ “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။

ကျော်သန်း (ပြန်/ဆက်)