အမရပူရ ဇန်နဝါရီ ၁၄
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတာနပုံတက္ကသိုလ် ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသားပြိုင်ပွဲတွင် အုပ်စုပထမပွဲစဉ်အဖြစ် အားကစားပညာအသင်းနှင့် သင်္ချာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အားကစားပညာအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ သတ္တဗေဒအသင်းက မြန်မာစာအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဓာတုဗေဒအသင်းက ရှေးဟောင်းသုတေသနပညာအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘူမိဗေဒအသင်းက ဥပဒေပညာအသင်းကို နှစ်ပွဲပြတ်ဖြင့် အသီးသီးအနိုင်ရရှိကြသည်။
အမျိုးသမီးပြိုင်ပွဲတွင် အုပ်စုပထမပွဲစဉ်အဖြစ် သင်္ချာအသင်းနှင့် ရုက္ခဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားရာ သင်္ချာအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဓာတုဗေဒအသင်းက ညွန့်ပေါင်းအသင်းကို နှစ်ပွဲ၊ တစ်ပွဲဖြင့် လည်းကောင်း၊ ဥပဒေပညာအသင်းက သမိုင်းအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားပညာအသင်းက သတ္တဗေဒအသင်းကို နှစ်ပွဲပြတ်ဖြင့် အသီးသီးအနိုင်ရရှိကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမျိုးသားပြိုင်ပွဲဝင်အသင်းပေါင်း (၁၅)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်းပေါင်း (၁၅)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)