ချမ်းအေးသာစံမြို့နယ်၌ မဟာအောင်မြေခရိုင်အဆင့် (ဗဟိုအဆင့်)လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁၄

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်ကာ မဟာအောင်မြေခရိုင် ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုက ဦးဆောင်ကာ ခရိုင်အဆင့် (ဗဟိုအဆင့်) လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေစင်စာသင်ဆောင်၌ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 ခရိုင်အဆင့်(ဗဟိုအဆင့်)လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို မဟာအောင်မြေခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ ၈ ဦး၊ Grade-11 ကျောင်းသား၊ ကျောင်းသူ ၇ ဦး၊ Grade- 12 ကျောင်းသား၊ ကျောင်းသူ ၆ ဦး စုစုပေါင်း ၂၆ ဦးဝင်ရောက်ဖြေဆိုခဲ့သည်။

အဆိုပါ လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကာလကို ယနေ့ဇန်နဝါရီ ၁၄ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် အားကစားနည်းငါးမျိုးဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှုစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာအောင်မြေခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုထံမှ သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)