မိတ္ထီလာ ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧကများ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်မိတ္ထီလာမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်ကောင်းသည့် မျိုးစေ့၊ စိုက်နည်းစနစ်၊ ရေပေးနိုင်မည့်အခြေအနေများ၊ သီးနှံကာကွယ်ဆေးနှင့် ဓာတ်မြေဩဇာထည့်သွင်ခြင်း၊ လယ်မြေပြုပြင်ခြင်းလုပ်ငန်းများ စသည့်စိုက်ပျိုးနည်းပညာများကို အသိပညာပေးဆွေးနွေးခြင်းနှင့် စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်းခြွေလေ့ချိန်အထိ စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)