မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေး

မြစ်သား ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သမတန်း‌ကျေးရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများအား မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေး ကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့် အကျိုးထိရောက်မှုရှိစွာ ကုသနိုင်ရန်ရည်ရွယ်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ဆောင်းရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို သမတန်း‌ကျေးရွာရှိ ကျေးရွာသူ၊ ကျေးရွာသား ၆၇ ဦး ကုသပေးခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းနှင့်ဝန်ထမ်းများက စာသင် ကျောင်းများနှင့်ကျေးရွာများကို သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်း ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)