မိတ္ထီလာ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိတ္ထီလာမြို့တွင်း လမ်းပိုင်းဝဲယာရှိ ကားလမ်းဘေးပလက်ဖောင်းပေါ်တွင်ကျရောက်နေသည့် သစ်ပင်အကိုင်းအခက်များနှင့် လမ်းဘေးရှိချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ဇန်နဝါရီ ၁၅ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့က ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိတ္ထီလာမြို့တွင်းလမ်းပိုင်း မိုင်တိုင် ၁၀/၅ မှ ၁၃/၀ အတွင်း ယာဉ်သွားလာမှု အန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းအသုံးပြုသူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ကားလမ်းဘေး ပလက်ဖောင်းများပေါ်တွင် ကျရောက်နေသည့် သစ်ပင်အကိုင်အခက်များနှင့် လမ်းဘေးရှိ ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်များအုံ့ဆိုင်းနေသဖြင့် အလင်းကောင်းမွန်စွာရရှိစေရေး မလိုအပ်သည့် သစ်ပင်အကိုင်း အခက်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ သစ်ပင်များ အုံ့ဆိုင်နေသဖြင့် အလင်းကောင်းမွန်စွာရရှိစေရေး မလိုအပ်သည့် သစ်ပင်အကိုင်းအခက်များအား ရှင်းလင်းခြင်းကို မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)