မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်း(၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ

အောင်မြေသာစံ ဇန်နဝါရီ ၁၅

မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်း(၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက မန္တလေး၊‌ အောင်မြေသာစံမြို့နယ်၊ မဟာ‌ဇေယျာဘုံရပ်ကွက်ရှိ အောင်မြင်ခြင်းဟော်တယ်တွင် ကျင်းပခဲ့သည်။

အစီအစဉ်အရမေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်ချောအိသီတာက အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး မိတ်ဖက်အဖွဲ့အစည်းဝင်များ တေးသီချင်းများ ဖျော်ဖြေခြင်း၊ မိတ်ဖက်အဖွဲ့အစည်းမှအဖွဲ့ဝင်များအား ကံစမ်းမဲဖေါက်ပေးခြင်းများ ပြုလုပ်ကြသည်။

အခမ်းအနားသို့မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊အသင်းဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းဝင်များ၊ ပါဝင်ကူညီပေးကြသည့် လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။

အဆိုပါမေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်းအနေဖြင့် (၁၀)နှစ်တာကာလအတွင်း သင်တန်းအမျိုးပေါင်း(၅၀)ကျော်ဖြင့် သင်တန်းသူ (၆၀၀၀)ကျော်အား အခမဲ့သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး ၂၀၂၆-ခုနှစ်တွင် အမျိုးသမီးဆံပင်၊ မိတ်ကပ်၊ အလှပြင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြင့်မော်ထွန်း