ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)၌ ယနေ့နံနက်ပိုင်းက မြတ်ရတနာခန်းမတွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်း ကျောင်းသား ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပသည်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ကျောင်းသားကျောင်းသူများက တိုင်းရင်းသားရိုးရာ အဆို၊ အက၊ တေးသရုပ်ဖော်အကများဖြင့် ပါဝင်ဆင်နွှဲကြပြီး  တက္ကသိုလ်၏ King၊ Queen ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာလင်းထက်မြင့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်သည်။ အခမ်းအနားသို့ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)