သာစည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်္ဂလာကိုယ်ပိုင် မူလတန်းကျောင်းတွင် ဇန်နဝါရီ ၁၄ ရက်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးပြီး မီးဘေးလုံခြုံရေးအကြံပြုဆွေးနွေးခြင်း၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ/ဆရာမများအား မီးလောင်မှု ဖြစ်ပွားစေသည့် အကြောင်းရင်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖုံးအုပ်ပြီး မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်