မြင်းခြံမြို့၌ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မြင်းခြံ ဇန်နဝါရီ ၁၆

မြင်းခြံမြို့၌ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉နာရီခွဲမှ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြင်းခြံမြို့ပေါ် ရပ်ကွက်အတွင်းရှိ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဂရုစိုက်အသုံးပြုရေး၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ လျှပ်စစ်မီးများ စနစ်တကျ အသုံးပြုရေးများအား စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေး အကြုံပြုချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)