အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၌ အာစရိယပူဇော်ပွဲနှင့် ဆုချီးမြှင့်

မိတ္ထီလာ ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် အာစရိယပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က အဆိုပါကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ  ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က အမှာစကားပြောကြာခဲ့ပြီး ကျောင်းသားကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် ပူဇော်ကန်​တော့သည်။ ယင်းနောက် ဌာနမှူးများက ဆုံးမသြဝါဒစကားနှင့်  ဆုတောင်းစကားများပြောကြားပြီး ကျောင်းသားကျောင်းသူများက ကန်တော့ပစ္စည်းများဖြင့် ကန်တော့ကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြသော ဆရာဆရာမများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဌာနမှူးများကဆုများ ချီးမြှင့်ခဲ့ကြသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)