ငါန်းဇွန်မြို့ လူငယ်ရေးရာ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသ

ငါန်းဇွန် ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြိး ငါန်းဇွန်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက လူငယ်ရေးရာ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်က မုန်တိုင်းဘေး၊ ရေကြီးရေလျှံ၊ မီးဘေးနှင့် ငလျင်ဘေးအန္တရာယ်တို့ မဖြစ်ပေါ်မီ၊ ဖြစ်ပေါ်နေဆဲကာလ၊ ဖြစ်ပေါ်ပြီးချိန်တို့တွင် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးခွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရေး အသိပညာပေး ဆွေနွေးဟောပြောခဲ့သည်။

ကျောင်းသား၊ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)